ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         တိုက်ကြီးမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအား (၁၄-၁၀-၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မဈေးအတွင်း/ အပြင် ကုန်စုံဆိုင်များမှရောင်းချလျက်ရှိသော စားသုံးဆီအား ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီမှုရှိသော အမေထွားပဲဆီ၊ Goody၊ Meizan၊ Louts ဆီများကိုသာ အများဆုံးရောင်းချလျက်ရှိပြီး ပိဿာကျပ်သားများကိုလည်း မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကိုတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင်လည်း အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) လိုက်နာဆောင်ရွက်ထားသော ရောနှောဆီများကိုသာဝယ်ယူရောင်းချရန်နှင့် အမှတ်တံဆိပ်မပြည့်စုံသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)