(၁၂-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသများ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက် ပညာ့အလင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက်တွင်တည်ဆောက်ထားသည့် ပညာ့အလင်းစာကြည့်တိုက်ဖွင့်လှစ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ပြည်သူများ အသိပညာမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့်လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ပြည်သူအားလုံး စာပေဖတ်ရှုလေ့လာကြရန်လိုအပ်ပါကြောင်းနှင့် ယခုစာကြည့်တိုက်ကို ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)