ရွှေဘိုမြို့တွင် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ခရမ်းချဉ်သီးများ မရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အတွက် သယ်ယူစရိတ်မြင့်တက်ခြင်းကြောင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပြန်လည်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယ)ပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၁)ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၄၀၀ဝိ/-)ကျပ်မှ (၄၅၀ဝိ/-)ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)