၂၀၂၄ခုနှစ် အောက်တိုဘာလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းသီးနှံမှာ အဟောင်းလက်ကျန်မရှိတော့ဘဲ အသစ်မှာအစိုဓာတ်လွတ်လျှင် အမြင့်ဈေး(၁၂၃၀)ကျပ် ဈေးပေါက်နေပြီး စီးဆင်းမှုမှာယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင်ထူး ၁-၉၅၀၀ကျပ်၊ ထူး ၂-၁၁၅၀၀ကျပ်၊ ထူး ၃-၁၁၇၀၀ကျပ်၊ ထူး ၄-၁၂၅၀၀ကျပ်၊ ထူး ၅-၁၃၀၀၀ကျပ်၊ ထူးလွန်-၁၃၅၀၀ကျပ် နှင့် ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးပေါက်နေပြီး တောင်သူလက်ကျန်မှာမရှိတော့ဘဲ ပွဲစားငယ်များထံမှ ဈေးကွက်ဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာပုံမှန်ဖြစ်နေပြီး ထူး ၅ နှင့် ထူးလွန်မှာ တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးတက်လာပါသည်။

   အာလူးသီးနှံမှာ မျက်နီ S2-၇၀၀၀ကျပ်၊ S1-၆၅၀၀ကျပ်၊ OK-၆၀၀၀ကျပ်၊ ဆွဲသီး-၄၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ် ဈေးရှိနေပြီး စိုက်ခင်းများရေမြုပ်ကုန်သဖြင့် အာလူးအသစ်များဝင် ရောက်မှုမရှိဘဲ ဈေးမြင့်တက်လာကာ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါသည်။

   ချင်းသီးနှံမှာချင်းဥမမြေနီအကြီးစမှာတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့် အလတ်စမှာ (၃၅၀၀) ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပြည်တွင်းဈေးကွက်သာရှိသဖြင့် ဈေးအေးနေပြီး ပုံ မှန်သာစီးဆင်းနေပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၂၀၀၀-၂၅၀၀ကျပ်၊ ပန်းမုန်လာ ၂၅၀၀-၃၀၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစားပဲ ၁၂၀၀၀ကျပ်၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ရွှေပဲ ၁၈၀၀၀-၂၀၀၀၀ကျပ်၊ ငရုတ်ပွ ၁၂၀၀၀-၁၅၀၀၀ကျပ်၊ ခရမ်းသီး ၄၀၀၀-၅၀၀၀ကျပ်၊ မုန်ညှင်း ၇၀၀၀ကျပ် အသီးသီးဈေးပေါက်နေကြပြီး သီးနှံများရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်အဝင် နည်းပါးကာ အခါရက်များတွင်လည်း ဝယ်လိုအားကောင်းနေသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်၍ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်သာဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)