မြန်မာနိုင်ငံတွင် နဂါးမောက်ခြံစိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးနှစ်မျိုးစိုက်ပျိုးကြကြောင်း၊ နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ပြီး နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း၊ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်း သိရှိရသည်။ နဂါးမောက်ပင်များသည် (၁)ဧကလျှင် အပင် (၂၀၀)ကျော် စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင် (၁၀၀) ကီလိုကျော်အထိရရှိကြောင်း သိရှိရပါသည်။
ပဲခူးဈေးမှ အသီးရောင်းချသူများသည် နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလတတိယအပတ်တွင် တစ်ကီလိုလျှင် (၁၈၀၀)၊ (၁၅၀၀)၊ (၁၀၀၀)ကျပ်ဖြင့် အလုံးအရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လူကြိုက်များသည့် အသီးအနှံဖြစ်သည့်အတွက် ဈေးနှုန်းဈေးကွက် ကောင်းမွန်လျက်ရှိကြောင်း နဂါးမောက်သီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(ပဲခူး)