
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်း သာကေတရပ်ရှိ Shopping Center တွင် ရောင်းချနေသော ဟင်းချိုမှုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်သားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ စျေးကွက်အတွင်း စားသုံးသူများအတွက် သုံးစွဲရန်အာမခံချက်ရှိသောကုန်စည်များ ရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)