Main menu

မြိတ်မြို့Shopping Center ရှိ ဟင်းချိုမှုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်း သာကေတရပ်ရှိ Shopping Center တွင် ရောင်းချနေသော ဟင်းချိုမှုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်သားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ စျေးကွက်အတွင်း စားသုံးသူများအတွက် သုံးစွဲရန်အာမခံချက်ရှိသောကုန်စည်များ ရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)