စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးနှင့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ အာလူးသီးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ အလုံးလှ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၆၅၀၀)ဖြင့်ရောင်းချကြောင်း၊ အာလူးသီးနှင့် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူခရိုင်တွင် အာလူးသီးနှင့်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိ
Powered by Drupal