![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ကြက်ဥ ဘဲဥ_1.jpg?itok=WjpSzNPR)
မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။ ယခင် (စက်တင်ဘာလ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ ယခုလ အောက်တိုဘာလ(တတိယပတ်) တွင် ကြက်ဥတစ်လုံး ၃၅၀မှ ၄၀၀ကျပ် ၊ ဘဲဥတစ်လုံး ၅၂၀မှ ၅၅၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ တစ်လုံးဈေးနှုန်းအရ ကြက်ဥဈေး ၃၀ ကျပ်နှင့် ဘဲဥဈေး ၁၀၀ ကျပ် ဈေးနှုန်းမြင့်တက်မှုရှိကြောင်း ကြက်ဥဘဲဥ အရောင်းဆိုင်များမှ သိရှိရပါသည်။
အောက်တိုဘာလအတွင်း အရောင်းအဝယ်အနေဖြင့် ကြက်ဥဘဲဥကို နေ့စဉ် စားသုံးမှု လျော့နည်းမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်ဥဘဲဥစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် အာဟာရဓာတ်များစွာ ရရှိနိုင်ပါသည်။
DOCA(မွန်)