
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖြူးမြို့စည်ပင်သာယာဈေး၌ ဈေးသူ ဈေးသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း၊ အွန်လိုင်းဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည့် အချက်များကိုလည်ကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသည့် ဈေးသူဈေးသားများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဈေးကော်မတီဝင်နှင့် ဈေးသူဈေးသား (၁၈) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)