ဆိပ်ကမ်းရှိ MV.လော်ပန်(5)ရေယာဉ်အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေး

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ် (SOPs)အပေါ် ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သော အကောက်ခွန်ဦးစီးဌာနမှဦးဆောင်၍ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အမှတ်(၃)မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ရန်ကုန်)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ပါဝင်သော အဖွဲ့များသည် ၂၂-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် (သိန်းဦး) ဆိပ်ကမ်းစစ်ဆေးမှုကို အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများက ပူးပေါင်းပါဝင်စစ်ဆေးပေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် (ကော့သောင်းမှရန်ကုန်)သို့ ထွက်ခွာလာသည့် ကမ်းရိုးတန်းသွားသင်္ဘောဖြစ်သော   MV. လော်ပန် (5) သင်္ဘောဖြင့် ကုန်ပစ္စည်းမျိုးစုံကိုတင်ဆောင်ထားရာ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်လာခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)