စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်များသည် ၂၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ ပဲကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းများသို့ လုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိမကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာ၊ သုခရပ်ကွက်၊ ရွှေမြယာကုန်းရှိ ဦးတင်အောင်ပဲကြော်နှင့် ဦးဝင်းမြင့်ပဲကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းပစ္စည်းများကို စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်၊ ထောက်ခံချက်များပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)