သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ဈေး၊ တိုက်ကြီးမြို့မဈေး၊ မှော်ဘီမြို့မဈေးနှင့် လှည်းကူးမြို့မဈေးများရှိ ကုန်မျိုးစုံဆိုင်များသို့ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် သွားရောက်၍ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ အဆိုပါဈေးများတွင် အမှတ်တံဆိပ်ပါ ရောင်းချနေသောစားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားကြောင်း၊ ထောက်ခံချက်များပါဝင်ကြောင်းကို စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား မည်သည့်ကုန်ပစ္စည်းမဆို စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုရောင်းချဖြန့်ဖြူးကြစေရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)