ယခု ၂၀၂၄ခုနှစ်၊ အောက်တိုဘာ လလယ်ပိုင်းတွင် ရှမ်းတောင်ကြက်သွန်ဖြူသည် သဘာဝရေဘေးဒဏ်ကြောင့် အရည်အသွေးနှင့်ကုန်စည်ဝင်ရောက်မှုနည်းပါးသဖြင့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)ဝင်ရောက်လာပြီး ၂၀၀၀၀ဈေးပေါက်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ထူး၁- ၉၅၀၀၊ ထူး၂- ၁၁၅၀၀၊ ထူး၃- ၁၁၇၀၀၊ ထူး၄- ၁၂၅၀၀၊ ထူး၅- ၁၂၇၀၀၊ ထူးလွန် ၁၃၀၀၀မှ ၁၆၀၀၀ ဖြင့်တင်ပို့ရောင်းဝယ်နေကြပါသည်။ ရှမ်းကြက်သွန်ဖြူမှာ အဝင်ပါးသော်လည်း ရှိသည့်ကုန်စည်အရည်အသွေးပိုင်းကြောင့် ဈေးနှုန်းနှင့် ဈေးကွက်လှုပ်ရှားမှု နည်းပါးခဲ့ရပါသည်။ သဘာဝဘေးဒဏ်ကြောင့် အချို့လှောင်ကုန်များထိခိုက်မှုရှိပြီး အရည်အသွေးကျဆင်းခဲ့သဖြင့် ဈေးနှုန်းဈေးကွက် တန့်နေရခြင်းဖြစ်ပါသည်။
နနွင်းသီးနှံမှာလည်း ပြည်ပဝယ်လက်နည်းပါးသော်လည်း ပြည်တွင်းသုံးစွဲမှုကြောင့် ဈေးမပြောင်းပဲ တောင်ပို့လ (ရှယ်)၁ပိသာ ၁၂၅၀၀၊ တောင်ပိုလ(လတ်) ၁၂၀၀၀နှင့် ဆင်တောင်(ရှယ်) ၁၀၅၀၀၊ ဆင်တောင်(လတ်) ၁၀၀၀၀နှင့် အညံစရောရာ ၉၀၀၀ကျပ်နှင့်ရောင်းဝယ်လျှက်ရှိပါသည်။ နနွင်းသီးနှံမှာပြည်ပဝယ်လက်နှင့် သယ်ယူပို့ဆောင်မှုလမ်းကြောင်းအပေါ်မူတည်၍ ဈေးတည်ငြိမ်နေဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)