အ.လ.က(၁၀)တောင်ကြီး၏ ကျောင်းမုန့်ဈေးတန်းအားစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စစ်ဆေးရေးအရာရှိ ဦးခင်မောင်သန်း ဦးဆောင်သော စားသုံးသူရေးရာဝန်ထမ်းများသည် တောင်ကြီးမြို့၊ အ.လ.က(၁၀) အခြေခံပညာအထက်တန်း ကျောင်းခွဲမုန့်ဈေးတန်းများအားသွားရောက်စစ်ဆေးခဲ့ပါသည်။

             အဆိုပါဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မြန်မာစာဖြင့်ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းသောမုန့်များကိုသာ ရောင်းချရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)