အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

        ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်း‌ဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်၊   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဦးစီးအရာရှိ ဒေါ်ခင်သီ၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး၊ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဌေး၊ ဌာနခွဲစာရေး ဦးမင်းမင်းစိုး၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်တင်တင်လှနှင့် ဝန်ထမ်း(၂)ဦးပူးပေါင်း၍ ရန်ကုန်တိုင်း‌ဒေသကြီး၊  ပုစွန်တောင်ဈေးရုံးမှ တာဝန်ရှိသူများလိုက်ပါပြီး ၂၂-၁၀-၂၀၂၄ ရက်နေ့၊   နံနက် (၀၈:၂၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ပုဇွန်တောင်စည်ပင်သာယာဈေးသို့သွားရောက်ပြီး အထက်ဌာနများသို့တင်ပြလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း(လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်စေရေးနှင့် ဈေးကွက်အတွင်း   ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့်   အခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများကိုရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ရန်ကုန်)