စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၂၄-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် အမှတ် (၂၉၇)၊ မာလာမြိုင်လမ်း၊ သာကေတစက်မှုဇုန်ရှိ Sandar Myaing Co., Ltd မှ ဒေါက်တာ ဦးဇေယျာဝင်းနှင့်တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ ဆီးချိုကျဆေး၊ အကိုက်ခဲပျောက်ဆေး၊ အစာကြေဆေး၊ ယားနာပျောက်ဆေး(လိမ်းဆေး)၊ ပိုးသတ်ဆေး(ထိုးဆေး)၊ ကလေးအားဆေး စသည့်တို့ကို နိုင်ငံခြားဆေးကုမ္ပဏီ(၁၀)ခုမှ ဝယ်ယူရောင်းချပြီး၊ ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ဆေးဝါးများသိုလှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရရှိပါသည်။
DOCA(ရန်ကုန်)