
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၂၃-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၅၃/ ၆၂)၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သာကေတစက်မှုဇုန်ရှိ Healthy Unit Co., Ltd မှ ဒေါက်တာ ဒေါ်သိင်္ဂီမြင့်သိန်းနှင့် တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ သွေးတိတ်ဆေး၊ အကိုက်ခဲပျောက်ဆေး၊ အရိုးအားဆေး၊ ဆီးဆေး၊ အကိုက်ခဲပျောက်ဆေး၊ ပိုးသတ်ဆေး(ထိုးဆေး)၊ ကလေးအားဆေး၊ ဝမ်းပိတ်ဆေး၊ နှလုံးသွေးကျဲဆေး စသည့တို့ကို နိုင်ငံခြားဆေးကုမ္ပဏီ(၅)ခုမှ ဝယ်ယူရောင်းချပြီး၊ ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ဆေးဝါးများသိုလှောင်ထားခြင်းမပြုကြရန်ပြောကြားခဲ့ကြောင်းသိရှိရရှိပါသည်။
DOCA(ရန်ကုန်)