ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်၌ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များမှ ဆန်စပါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ လုပ်ငန်းရှင် (၁၉) ဦးဖြင့် ကျုံပျော်ခရိုင်၊ ဆန်စပါးလုပ်ငန်းရှင်အသင်းဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအသင်းဖွဲ့စည်းရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ကျုံပျော်ခရိုင်ဦးစီးမှူးတို့ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်းဆောင်ရွက်ပေးကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)