တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အလှူ၊ မင်္ဂလာဆောင်ကာလများဖြစ်သောကြောင့် ဟင်သီးဟင်းရွက်များ၊ သစ်သီးများ ရောင်းအားကောင်းလျက်ရှိရာ စပါးလင်ပင်များလည်းရောင်းအားကောင်းလျက်ရှိပါသည်။ စပါးလင်ပင်များကို ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဟင်သီးဟင်းရွက်ရောင်းသော ဈေးသည်များက ထားဝယ်မြို့စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကြပါသည်။
စပါးလင်ပင်များကို နွေရာသီတွင် ထွန်ယက်၍ မိုးရာသီတွင် ရေမဝပ်နိုင်သော နုန်းမြေများ၌ စိုက်ပျိုးလေ့ရှိကြပါသည်။ စပါးလင်ပင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိပြီး မြေသြဇာ ထည့်ပေးရန်မလိုသောကြောင့် ပေါင်းသင်ပေးခြင်းမှတစ်ပါး အထူးဂရုစိုက်ရန်မလိုပေ။ စပါလင်ပင်များကို အစည်းငယ်(၅)စည်းပူး တစ်စည်းလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်အတွင်းရှိပြီး ယခုအချိန်သည် ကထိန်အလှူကာလဖြစ်သောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)