ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော ုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက( ၇၃၂ ) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ကြံခင်းမြို့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးဈေးနှုန်းမှာ ယခင်နှစ် (၁) ပိဿာလျှင် ကျပ်( ၃၅၀၀/ ၅၀၀၀ )ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ယခုနှစ်ငရုတ်သီးဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် ( ၇၀၀၀ ) ခန့်ရရှိသည့်အတွက် ငရုတ်စိုက်ပျိုးသော တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း၊ ငရုတ် (၁) ပိဿာဈေးနှုန်းမှာ ယခင်နှစ်နှင့် ယခုနှစ်ကာလတူနှိုင်းယှဉ်ပါက (၁) ပိဿာလျှင် ကျပ်( ၂၅၀၀/ ၃၀၀၀ ) ခန့်ပိုမိုရရှိကြောင်း ငရုတ်ဈေးကွက်မှသိရှိရပါသည်။
DOCA(ဧရာဝတီ)