ဒေးဒရဲမြို့၊ အရှေ့သံဒင်းကျေးရွာ၊ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အရှေ့သံဒင်းကျေးရွာ၊ အ.မ.က ကျောင်းတွင် ဆရာ/ မ နှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဓာတုဆိုးဆေးများနှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ သက်တမ်းလွန်အချိုရည်ဘူးများနှင့် မှိုတက်နေသောအစားအစာများကို ဝယ်ယူစားသုံးမိပါက ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို သေချာလေ့လာစိစစ်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိတို့ကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ကြောင်းနှင့် စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကို တင်းရရှိပါသည်။

DOCA(ဧရာဝတီ)