ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၃-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

       ထိုသို့အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းကိုမေးမြန်းရာ ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာချက် ၄၆/၂၀၁၈ ဆင့်ပွားဈေးကွက်စနစ်၊  ၅၃/၂၀၁၈ စပါးဆန်၊ ပဲမျိုးစုံတည်ဆောက်၊ မှတ်ပုံတင်၊ ပြောင်းရွှေ့ဖျက်သိမ်းမိန့်။ ၂၁/၂၀၂၀ ကုန်စည်များအပေါ် တားမြစ်မိန့်၊ ၁/၂၀၂၂ ဝါသီးနှံနှင့် ဝါဂွမ်းတားမြစ်မိန့်၊ ၅၀/၂၀၂၃ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသတ်မှတ်မိန့်တို့ကို ပြည်သူအများသိရှိအောင် အကျယ်တဝင့်ရှင်းလင်းပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု အဓိပ္ပါယ် အစားအစာ၊ ဆေးဝါး၊ လောင်စာဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသောဝန်ဆောင်မှုတို့အကြောင်းကိုလည်းကောင်း၊ သတ်မှတ်ချက်များကို ကျော်လွန်၍ ရောင်းချခြင်းမျိုးကိုစစ်ဆေးတွေ့ရှိပါက ပြစ်မှု၊ ပြစ်ဒဏ်အရ အနည်းဆုံး ထောင်ဒဏ် ၆လမှ အများဆုံး ၃နှစ်ထိ ငွေကျပ် ၅သိန်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို ဖျက်ဆီး၊ နိုင်ငံတော်ဘဏ္ဍာ၊ အခြားနည်းဥပဒေစီမံခန့်ခွဲချမှနိုင်သည့်အပြင် ရအရေးယူပိုင်ခွင့်ရရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

          စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကို သိရှိလိုသော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာပါကလည်း ဆက်သွယ်တိုင်ကြား၍ လွယ်ကူသော  Telenor, Ooredoo, Mytel User ဖြစ်ပါက Consumer Call Center 1535 သို့လည်းကောင်း၊ MPT User ဖြစ်ပါက ၀၉၇၆၅၄၃ (၁၅၃၅) သို့လည်းကောင်း ဆက်သွယ်ပြီး သိရှိလိုသည်များကိုစုံစမ်းနိုင်ကြောင်း စားသုံးသူရော၊ လုပ်ငန်းရှင်အများပြည်သူသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)