
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်းအကြောင်း Talk Show ကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၉)ရှိ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းမှ တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များအကြောင်းကို စတင်ဆွေးနွေးပြီး စားသုံးသူများ စားသုံးသူအခွင့်အရေးနစ်နာမှုရှိလာပါက (က) နစ်နာသည့်စားသုံးသူ၊ (ခ)နစ်နာသည့်စားသုံးသူ၏မိသားစုဝင်များ၊ (ဂ) နစ်နာသည့် စားသုံးသူနှင့်ဆက်ှယ်သော ပုဂ္ဂိုလ်များ၊၊ (ဃ) အစိုးရဌာနအဖွဲ့အစည်းများ၊ (င) စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တိုင်ကြားမှုကိုဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ သက်သေခံအထောက်အထားများနှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)