မိုးရာသီတွင် လှိုင်လှိုင်ပေါသော ကျွဲကောသီးလေးများသည် အချဉ်ဓါတ်အက်ဆစ်ပါရှိသော သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါသည်။ ကျွဲကောသီးထဲတွင် ဘီတာမင်စီအမြောက်အများပါသော ကြောင့် သွေးလွှတ်ကြောများ ဆန့်ခြင်း၊ ကျုံ့ခြင်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။
ခန္ဓာကိုယ် အလေးချိန်ကျလိုသူများအတွက်လည်း ကျွဲကောသီးက များစွာကောင်းကျိုးပြုသည့်အပြင် ပုံမှန်စားသုံးပေးခြင်းအားဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါများကိုပါ ကာကွယ်နိုင်ပါသည်။ ကျွဲကောသီးစားသုံးခြင်းကြောင့် ကောင်းကျိုးများစွာရရှိနိုင်၍ လူကြီးလူငယ်မရွေးစားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။
ကျွဲကောသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ အလုံးအသေးအကြီးပေါ် မူတည်၍ ရောင်းချလျှက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးမှ သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)