စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပြည်မြို့တွင် နဝဒေးရပ်ကွက်၊ နီလာလမ်းရှိ ဦးဖုန်းမြင့်အောင်၏ ဆန်မရွေးလုပ်ငန်းသို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဦးဘမောင်၏ပရဆေးဆိုင်သို့လည်းကောင်း၊ မြို့သစ်(၁၃)လမ်းရှိ ဦးဇေယျာဘုန်းမြင့်၏ စန်းကမ္ဘာဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/ ၂)လမ်းထိပ်ရှိ ဦးဝင်းကျော်၏ ရွှေပိတောက်ဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/၉)လမ်းရှိ ဦးဝေဖြိုးအောင်၏ နှင်းဥခင်ဆန်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့တွင်မင်းရပ်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ကျော်ဌေး၏ အောင်ချမ်းသာဆန်စက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ဦးကျော်ကျော်ဝင်း၏ ကေဝိုင်းဆီစက်သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)