ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများနှင့် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီမှာ လက်ကျန်နည်းနေပြီး မိုးစိုက်(ဥစိုက်)များ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သာနယ်ထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီ လက်ကားဈေးမှာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင်ကျပ် (၂၀၀၀)ဖြစ်ခဲ့ပြီး ယခင်(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၇၀၀)ခန့် ဈေးတက်၍ အရောင်း အဝယ် ဖြစ်ခဲ့ပြီး နေ့စဉ်ကုန်ချိန် (၂၀၀၀၀ မှ ၅၀၀၀၀)ခန့်ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မြဝတီ၊ မော်လမြိုင်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီ ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)