ရုပ်သံလိုင်းတစ်ခု၏ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကြည့်ရှုသူများအတွက်နစ်နာမှုများအား ပြင်ဆင်ပေးနိုင်ပါရန် ရုံးချုပ်သို့တင်ပြခဲ့ခြင်းနှင့်ပတ်သက်၍ တင်ပြသူပုဂ္ဂိုလ်နှင့် ယင်းရုပ်သံလိုင်း၊ ထားဝယ်ရုံးခွဲ၊ တာဝန်ရှိသူတို့အား ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ပါသည်။
အဆိုပါတွေ့ဆုံညှိနှိုင်းရာတွင် ယင်းရုပ်သံလိုင်းမှ ယခင်ပြသနေသည့် “အပြည့်အဝ Package” တွင် ပါဝင်သည့် ရုပ်သံလိုင်း(၅၇)လိုင်းအား ၁၉၀၀၀/-ကျပ်နှုန်းထားဖြင့် ပြသနေခြင်းအား (၁.၁၁.၂၀၂၄)ရက်နေ့မှစ၍ ရုပ်သံလိုင်း(၄၇)လိုင်းသို့ လျော့ချပြသမည်ဖြစ်ပြီး အဆိုပါ လျော့ချသည့်လိုင်းတွင် Sports(၆)လိုင်းမှ (၃)လိုင်းသာ ပါဝင်မည်ဖြစ်ကြောင်း Social Media တွင် စားသုံးသူပြည်သူများအား တရားဝင်ကြေညာခဲ့ပါသည်။ ရုံးချုပ်သို့တင်ပြသူပုဂ္ဂိုလ်က ယူရိုပါလိခ်၊ ချန်ပီယံလိခ်များနှင့် မြန်မာကားများအား ထပ်ခါတလဲလဲ ပြသခြင်းများအား စျေးနှုန်းမလျော့သည့်အတွက် စားသုံးသူများနစ်နာမှုမရှိစေရန် ယင်းရုပ်သံလိုင်းအား တိုင်းကြားခြင်း မဟုတ်ဘဲ ဖြည့်စွက်ပေးပါရန် တင်ပြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့ပါ၍ အဆိုပါဖြည့်စွက်တင်ပြခြင်းအား ယင်းရုပ်သံလိုင်း ရုံးချုပ်မှ တာဝန်ရှိသူကလည်း သင့်တင့်သောအချိန်တွင် စားသုံးသူပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြသူပုဂ္ဂိုလ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖုန်းဖြင့် တိုက်ရိုက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)