တောင်ငူမြို့၌ ယခင်စက်တင်ဘာလတွင် ဂေါ်ဖီတစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်းနှစ်ဆမြင့်တက်ပါသည်။ နံနံပင်စျေးနှုန်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀၀ ကျပ် မြင့်တက်ပါသည်။
ခရမ်းသီး(အညို)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ ခရမ်းသီး(အဖြူအဝိုင်း)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ဈေးနှုန်း ၂၅၀၀ ကျပ် မြင့်တက်ပါသည်။
မုံလာဥနီမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိရှိရမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိသဖြင့် ဈေးနှုန်း ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ မြင့်တက်ကြောင်း၊ မုံလာဥဖြူမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာ လျှင် ၂၀၀၀ ကျပ်ဈေးတက်ကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)