ဖြူးမြို့မဈေးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း(၁၁:၃၀)နာရီအချိန်တွင် ဖြူးမြို့မဈေးနှင့် ဆေးဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

               ပူးပေါင်းအဖွဲ့သည် ဖြူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှုရှိ/ မရှိနှင့် ရက်လွန်/ မလွန်ကိုလည်းကောင်း၊ ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိကိုလည်းကောင်း စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား အသိပညာပေးပြောကြားခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဦးဇင်ဖြိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးကျော်ကျော်ထွန်းတို့ ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများမှဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)