စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေး‌နွေးခြင်းဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အောက်တို  ဘာ(၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ် နဝင်းရပ်ကွက်ရှိ ဝါရုံအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး  ဒေါ်ခင်ဆွေဦး (ဒု-ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များနှင့် ကျောင်းသား/ ကျောင်းသူများအား အစားအသောက်များဝယ်ယူစားသောက်ရာတွင် မြန်မာစာကုန်အညွှန်းပါသည့် မုန့်များကိုသာ အဓိကထားပြီးဝယ်ယူသုံးစွဲကြရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများအား သေချာကြည်ရှုပြီးဝယ်ယူကြပါရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၈)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)