ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီပါ အဖွဲ့ဝင်များဖြစ်ကြသော၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များလိုက်ပါ၍ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်မှနေ့ လယ်(၁၂:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့ပေါ်ရပ်ကွက်ရှိ ဆန်စက်များ၊ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် သတ်မှတ်ထားသောဈေးနှုန်းများထက်ကျော်လွန်ပြီး ရောင်းချမှုရှိ/ မရှိ ဆန်စက်နှင့် ဆန်ဆိုင်များတွင် သတ်မှတ်ထားသောစပါး/ ဆန် ကျော်လွန်သူများ မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် စပါးများအားဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)