ပေါင်းတည်မြို့နယ်တွင် အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

            နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်သိန်းသည်သည် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  (၁၅.၁၀.၂၀၂၄)    ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါ သည်။

           အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းမှ စားသုံးများ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်တာဝန် (၄)ချက်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်းနှင့် ပတ်သက်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၂)၊ ပုဒ်မ(၂၄)တို့ပါ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး (၄)ချက်ကိုပါ ရှင်လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)