လက်ပံတန်းမြို့၌စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ခရိုင်

ဦးစီးမှူးရုံး၌ သုခစံသောက်ရေသန့် ရောင်းဝယ်ရေးလုပ်ငန်းရှင်ဒေါ်မြင့်မြင့်ဆွေနှင့်  (၂၄.၁၀.၂၀၂၄)

ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင်   စားသုံး/ ထုတ်လုံတာဝန်ခံ   ဒေါ်ခိုင်ခိုင်ရီသည် နှင့်

တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် 

အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီဖြန့်

ဖြူးရောင်းချရန်၊ကုန်စည်၏ အရည်အသွေး၊ထုတ်လုပ်ရက်စွဲ ၊ သက်တမ်းကုန် ဆုံးရက်စွဲများ၊ထား

သိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေး

လုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြင့်

စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာ

ပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)