“ သုံးခွမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ အောက်တိုဘာလ(၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ Galaxy စက်သုံးဆီဆိုင်၊ ဆိပ်ကမ်းသာဆီဆိုင်နှင့် ရတနာစက်သုံးဆီဆိုင်များသို့ စက်သုံးဆီဝင်ရောက်မှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီလက်ကျန်အခြေအနေနှင့် ဆီပြတ်လပ်မှုရှိ/မရှိနှင့် စက်သုံးဆီများအား အမှန်တကယ်ဖြန့် ဖြူးရောင်းချနိုင်ရေး၊ သိုလှောင်ထားပြီးမှောင်ခိုရောင်းချခြင်းများမရှိစေရေး၊ မသမာသည့်လုပ်ဆောင်မှုများမရှိစေရေး စသည့် လိုအပ်သောအချက်များကိုမှာကြားခဲ့ကြောင်း၊ ဈေးကွက်အတွင်း စက်သုံးဆီများအား ဝိသမလောဘဇောကြောင့်် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)