ရေတာရှည်မြို့နယ် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံသည် ရေတာရှည်မြို့နယ်အတွက်ရရှိသည့် စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကိုအများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲတားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့် အညီရောင်းချ ဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားပါသည်။

           ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့မှ စားသုံးဆီလက်လီလက်ကားရောင်းချသူ ၉ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)