တောင်ငူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင်တောင်ငူမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း၊ ရေတာရှည် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             တောင်ငူခရိုင်အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ ခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် သက်ဆိုင်ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပါသည်။

             တောင်ငူခရိုင်အတွင်းရှိ ဆန်ရောင်းချမှုမှာ ပုံမှန်အနေအထားအတိုင်းရှိကြောင်း၊ ဆန်စက်များအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် သိုလှောင်ရုံများတွင် ဆန်မြောက်များစွာသိုလှောင်ထားခြင်းမရှိကြောင်း၊ လက်ကျန်ဆန်များကို ဈေးကွက်သို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)