နေပြည်တော်တပ်ကုန်းဒေသထွက် ဖရဲသီးများအား တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသတွင်းမှထွက်ရှိသော ဖရဲသီးများထက် အရသာပိုမိုကောင်းမွန် သောကြောင့် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။
တပ်ကုန်းဒေသထွက်ဖရဲသီးများအား ကားတစ်စီးလျှင်အလုံးရေ (၃၀၀၀) ခန့်တင်ဆောင်၍ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်လှစ်၍လည်းကောင်း၊ မော်တော်ယာဉ် များဖြင့် တောင်ငူမြို့တွင်းရှိ လူစည်ကားရာနေရာများနှင့် ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များသို့ လှည့်လည်ရောင်းချခြင်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။
ဖရဲသီးဈေးနှုန်းများအနေဖြင့် ကြီး၊ လတ်၊ ငယ် အရွယ်အစားအလိုက် တစ်လုံးလျှင် (၄၀၀၀) ကျပ် ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှင့် ၁၀၀၀ ကျပ် အသီးသီးရောင်းချပေးလျှက်ရှိကြောင်း တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဖရဲသီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)