စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာရှိ၊ (ဖိုးရွှေလ) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၂၅.၁၀.၂၀၂၄) ရက်နေ့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူး တို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်၊ FDAထောက် ခံချက်ရရှိအောင်ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင်ရရှိရေးဆောင်ရွက်ရန်၊ မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)