ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်ကြီးများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် ထုတ်လုပ်သောစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဆွေးနွေးပွဲသို့ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်(၁၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ ပြည်ခရိုင်အတွင်းရှိ စားသောက် ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာရောင်းချကြရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့် အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များအားလိုက်နာကြရန်၊ မိမိတို့ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြကြရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)