စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၅-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး၊ အစည်း အဝေးခန်းမ၌ ဒု-မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်/ စပါးကုန်သည်များတွေ့ဆုံ၍ ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်းအစည်းအဝေးကို တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဆန်/ စပါးကုန်သည်အသင်းဖွဲ့စည်းနိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးခြင်း၊ အသင်းဖွဲ့စည်းမည့် အခြေအနေကိစ္စရပ်များကိုညှိနှိုင်း ခြင်း၊ ဆန်စပါးဆိုင်ရာမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအား လိုက်နာရန်လိုအပ်ကြောင်း၊ ဆန်စပါး ပြည်ပပို့ကုန်လုပ်ငန်းသည် အလွန်အရေးပါသည့် ကဏ္ဧ္ဍဖြစ်လာမည်ဖြစ်၍ မြို့နယ်ဆန်စပါးကုန်သည်အသင်းဖွဲ့စည်းနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို ရွေးချယ်တင်မြှောက်ပြီး လက်ရှိဆန်စပါးစျေးကွက်အခြေအနေတည်ငြိမ်စေရေး၊ ဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်/ စပါးကုန်သည် (၁၁)ဦးတက်ရောက်ခဲ့ပြီး အသင်းဝင် (၁၁)ဦးဖြင့် ဆန်/ စပါးကုန်သည် အသင်းအား ဖွဲ့စည်းဆောင်ရွက်ပြီးကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
လေးမျက်နှာမြို့နယ် ဆန်/ စပါးကုန်သည်အသင်းအားဖွဲ့စည်းခြင်း
Powered by Drupal