ဂန့်ဂေါမြို့ပေါ်ရှိ “ငွေတံခါး”သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၂၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ ငွေတံခါးသောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေးနှင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးတို့အား လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ရေသန့်ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောရေသန့်များအား သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချနိုင်ရေး၊ စားသုံးသူများအနေဖြင့် နေ့စဉ် သောက်ရေသန့်ကို ဝယ်ယူသုံးစွဲမှုများလျက်ရှိခြင်းကြောင့် ရေသန့်ထုတ်လုပ်ရာတွင် အဆင့်ဆင့်ကျိုချက်သန့်စင်ပြီးသော ရေသန့်များကိုသာရောင်းချစေရေး၊ ရေသန့်ဘူးများကိုလည်း သန့်ရှင်းသပ်ရပ်စွာအသုံးပြုရေး၊ မိမိတို့ရောင်းချသောကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြစေရေး၊ ကုန်အညွှန်းအမှတ်အသားမပြုလုပ်ရသေးပါက စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်ကိုသာရောင်းချရေး၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါကလည်း ရောင်းချခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ရေသန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)