စည်သွပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

(၂၄-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ အမှတ်(၄၂/၄၆)၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်ရှိ One Stop Mart သို့သွားရောက်၍ စည်သွပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ One Stop Mart မှ တာဝန်ခံ ဒေါ်ချိုမွန်အောင်ပူးပေါင်းပါဝင်လျက် စစ်ဆေးတွေ့ရှိသော စည်သွပ်ဘူးအမှတ်တံဆိပ်များမှာ Hi-Q, Hi-Chef, SPRDNE တို့တွင် ငါးသေတ္တာအမျိုးအစားများကိုလည်းကောင်း၊ Foody အမှတ်တံဆိပ် အမဲနှပ်၊ ဆိတ်သားခြောက်ဟင်း၊ ကြက်သားဟင်းများကိုလည်းကောင်း၊ Ready အမှတ်တံဆိပ် သက်သက်လွတ်ပဲဟင်း၊ ကြက်သားဟင်း၊ ဘဲကင်အချိုပေါင်းနှင့်ကြက်သားဗမာချက်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးရာ အမှတ်တံဆိပ်များအားလုံးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။
DOCA(ရန်ကုန်)