ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ (၂၅.၁၀.၂၀၂၄) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ရေကြည်မြို့ပေါ်ရှိ အခြေခံစားသောက်ကုန် လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် အခြားလိုက်နာဆောင်ရွက်ရမည့် ဥပဒေများအားရှင်းလင်း၍ အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ ကုန်ပစ္စည်းများအား ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများမဖြစ်ပေါ်စေရေးတို့အား လုပ်ငန်းရှင်များကို တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)