တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထားလျက်ရှိရာ ကွမ်းသီးပင်များလည်းစိုက်ပျိုးထားပါသည်။ ကွမ်းသီးပင်များမှ ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများက ဝယ်ယူကာ ကွမ်းသီးခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြား ပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၉၈၆၉၁၁၈)ပိဿာ တန်အားဖြင့်(၃၂၄၄၅.၂၀၃)ရှိပြီး၊ မြိတ်ခရိုင်မှ (၃၂၄၉၆၇၇၅) ပိဿာ တန်အားဖြင့်(၅၃၀၆၅.၄၈၉)ရှိပြီး၊ ကော့သောင်းခရိုင်မှ (၈၂၅၀၂၅)ပိဿာ တန်အားဖြင့် (၁၃၄၇.၂၂၁)ရှိကြောင်းသိရပါသည်။ ယခုတစ်ပတ်အတွင်း ထားဝယ် ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၅၀၀၀ မှ ၅၅၀၀)ကျပ်ရှိပါသည်။ ကွမ်းအလုံးခြောက် တစ်ပိဿာလျှင်(၉၅၀၀ မှ၁၀၀၀၀) ကျပ်ရှိသဖြင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)