“အဖွားလက်ရာ”အမှတ်တံဆိပ်ပါ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦး သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “ကောင်းကောင်း” စားသောက်ကုန်မျိုးစုံအရောင်းဆိုင်နှင့် “banner” Mini Mart ဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

           “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထား‌သည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ “ကောင်းကောင်း” စားသောက်ကုန်မျိုးစုံအရောင်းဆိုင်နှင့် “banner” Mini Mart ဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဆိုင်(၂)ဆိုင်တွင် HI-Q, KING FISH, READY အမှတ်တံဆိပ် စည်သွပ်‌ဗူးများ အများဆုံးရောင်းချပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ(အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ) ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသောကုန်စည်များကို ဝယ်ယူရောင်းချမှုမဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)