မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပြည်တွင်း MSME ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ မြန်မာ့ရိုးရာ” မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်မှ မြေပဲဆုံဆီလုပ်ငန်းကို လုပ်ကိုင်သည်မှာ အချိန်အားဖြင့်ကြာမြင့်ပြီဖြစ်ကြောင်း၊ ဆုံ(၆)ဆုံဖြင့်လည်ပတ်လုပ်ကိုင်နေကြောင်း၊ အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းသင့်တင့်စွာရောင်းချသောကြောင့် ရောင်းအားလည်းကောင်းကြောင်း၊ မြေပဲဆံကို မြို့ပေါ်ရှိပဲပွဲရုံများမှ ဝယ်ယူကြောင်း၊ ပဲကြီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)ဝယ်ယူရပြီး ပဲကြီးလုံးဆန်ကို သန့်စင်ပြီး တစ်မျိုးတည်းသာ ကြိတ်ခွဲကြောင်း၊ ဆုံ(၁)ဆုံကို မြေပဲဆံ(၅)ပိဿာ ထည့်ကြိတ်ရပြီး ဆုံများကို လျှပ်စစ်မီးလာသည့် အချိန်တွင် တစ်ပြိုင်နက်တည်း လည်ပတ်ကြိတ်ခွဲကြောင်း၊ တစ်ဆုံလျှင် မြေပဲဆံအမျိုးအစား ပေါ်မူတည်၍ (၂)ပိဿာမှ (၂.၂၅)ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ မြေပဲဆုံဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ - ၁၇၀၀၀) ရောင်းချကြောင်း၊ ဈေးကွက်မှာ ပခုက္ကူမြို့ပေါ် နှင့် Super Marker ဆိုင်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ထားဝယ်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ရောင်းအားအနေဖြင့် တစ်လလျှင် ပိဿာချိန်(၁၀၀၀)ခန့်ရောင်းရပြီး (၁၀)ပုံး တစ်ပုံးလျှင် ကျပ်(၂၀၀၀/၃၀၀၀) အကျိုးအမြတ်ကျန်ရှိကြောင်း၊ ကြိတ်ခွဲခအနေဖြင့် လုပ်သားကို တစ်ဆုံလျှင် ကျပ်(၁၀၀၀)ပေးကြောင်း၊ ကြိတ်ပြီးသော မြေပဲဖတ်များကို အိမ်သို့ လာဝယ်ပြီး တစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ လက်ရှိမှာ ဆုံဆီလုပ်ငန်းသည် အဆင်ပြေ ရောင်းအား ကောင်းနေကြောင်း၊ ယခုလို အသိပညာပေးသည်မှာလည်း ကျေးဇူးတင်ပါကြောင်း၊ “မြန်မာ့ရိုးရာ” အမှတ်တံဆိပ်မှာ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသေး၍ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက် လျှောက်ထား မည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ပြောပြချက် အရသိရှိရပါသည်။
DOCA(မကွေး)