မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြို့နယ်ပြန်ဆက်နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့်အနောက်ပိုင်းရပ်ကွက် သို့သွားရောက်၍ ကွမ်းစားဆေးအမျိုးမျိုး ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းစားဆေးအမျိုးမျိုးရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ရောင်းချသော ကွမ်းစားဆေးအမျိူးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြလာရန်၊ ကွမ်းယာရောင်းချသူများအနေဖြင့်လည်း စားသုံးသူများ ဘေးကင်းလုံခြုံစေရန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကွမ်းစားဆေး အမျိုးမျိုးကိုထည့်သွင်း အသုံးပြု ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)