၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံ အစုံဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေးအတွင်း၌ ရောင်းချနေသော ရုံးပတီသီးများကို ကန့်ဘလူမြို့ပေါ်နှင့် ကန့်ဘလူမြို့ နယ်အတွင်းရှိကျေးရွာများမှ မှာယူ ရောင်းချကြောင်း၊ ရုံးပတီသီး တစ်ပိဿာလျှင် ဖောက်သည် ဈေး(၃၀၀၀/၃၂၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချရာတွင် ရုံးပတီသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် တို့ဖြင့် အသီးသီးရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)