စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဇီးပန်းသီး (၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၂၅၀၀ မှ၃၀၀၀)ကျပ်ထိ၊ ဖရဲသီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ နဂါးမောက်သီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀) ကျပ်ထိ ၊ နာနတ်သီး (၁)လုံးလျှင် (၆၀၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ သလဲသီး (၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ မက်မန်းသီး (၁) ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)